ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး၊ မှော်ဘီ၊ သံလျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့်နဝကမ္မအလှူတော်ငွေဆက်ကပ်လှူဒါန်း
သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများသည် ၉-၉-၂၀၂၁ ရက်နေ့၊ ၀၈:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အောင်တံခွန် ပရိယတ္တိစာသင်တိုက်၊ မှော်ဘီမြို့နယ် မဟာဝိဟာရကျောင်း၊ သန်လျင်မြို့နယ် သီတဂူဗုဒ္ဓတက္ကသိုလ်တို့သို့ သွားရောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် လှည်းကူးမြို့နယ်၊ အောင်တံခွန်ပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ် တော်မူသော သံဃာ […]