နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

၁။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆိုသည်မှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က ရွေးချယ်တင်မြှောက် ဖွဲ့စည်းပေးသော သံဃာ့အဖွဲ့ကို ဆိုသည်။ (သံ/စည်း၊ ၂-ထ)

၂။

နိုင်ငံတော်အဆင့်သံဃာ့အဖွဲ့များတွင် ပါ၀င်သော အဖွဲ့ဝင်ဆရာတော်များသည် ရပ်ကွက်/ ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်များ၊ ပြည်နယ်/တိုင်းသံဃာ့ဝန်ဆောင် များတွင်သော်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုသံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ပြည်နယ်/တိုင်းသံဃနာယကအဖွဲ့များတွင်သော်လည်းကောင်း ပါဝင်ခြင်း မရှိစေရ။ (သံ/စည်း၊ ၁၈)

၃။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် မိမိအပါအဝင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင်များထဲမှ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကရွေးချယ်မှုနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ရွေးချယ်မှုများကို ကြီးကြပ် ဆောင်ရွက်ပေးရမည်။ (သံ/စည်း၊ ၄၀)

၄။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သက်တမ်းသည် ပုံမှန်အားဖြင့် (၆)နှစ်ဖြစ်သည်။ ထပ်မံရွေးချယ်ခံရပါက ဒုတိယ(၆)နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။ (၆)နှစ်သက်တမ်း (၂)ကြိမ်ထက် ပိုမို၍ ထမ်းဆောင်ခွင့် မရှိစေရ။ (သံ/စည်း၊ ၈၉)

၅။
(က)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဖွဲ့စည်းခွင့်တောင်းခံလာသည့် ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကိုခံယူစေပြီး ခွင့်ပြုနိုင်သည်။ သို့သော် ၎င်းအဖွဲ့အစည်းများသည် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ရောထွေးမှုမရှိစေရ၊

(ခ)

သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသော ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို ခွင့်မပြုရ။ (သံ/လုပ်ထုံး၊ ၃)

၆။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဆရာတော် ၄၇-ပါးဖြင့် ဖွဲ့စည်းရမည်။ (သံ/လုပ်ထုံး၊ ၅)

၇။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို မိမိတို့ အထဲမှ ဆရာတော်(၄၇)ပါး ပါဝင်စေ၍ ရွေးချယ်ဖွဲ့စည်းပေးရမည်။ (သံ/လုပ်ထုံး၊ ၇၆)

၈။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်နှင့် တွဲဖက်အကျိုးဆော်ဆောင် ဆရာတော်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်နှင့် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ ဖြစ်ကြ သည်ဟု မှတ်ယူရမည်။ (သံ/လုပ်ထုံး၊ ၇၇)

၉။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်သည် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၊ ဂိုဏ်းအသီးသီးတို့နှင့် ညှိနှိုင်းပြီးနောက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၊ ဂိုဏ်းအသီးသီးတို့မှ ဆရာတော်များ အဖြစ်နိုင်ဆုံး စုံလင်စွာပါဝင်စေလျက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်(၃၃)ပါး၏ ဘွဲ့အမည်စာရင်းကိုပြုစု၍ အစည်းအဝေးသို့ တင်သွင်းပြီး အတည်ပြုချက် ရယူရမည်။ (သံ/လုပ်ထုံး၊ ၇၈)

၁၀။

အပိုဒ်-၉အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် တင်သွင်းသည့် ဘွဲ့အမည်စာရင်းကို ဖော်ပြလတ္တံ့ပါ နည်းလမ်းတစ်ခုခုဖြင့် အစည်းအဝေးတက်ရောက်သော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်များ၏ များရာသံဃာ့ဆန္ဒရယူ၍ အတည်ပြုကြေညာရမည်-

(က)

သံဃာ့ဆန္ဒကို အတိအလင်း ရယူသည့်နည်းလမ်း၊

(ခ)

သံဃာ့ဆန္ဒကို လျှို့ဝှက် ရယူသည့်နည်းလမ်း။ (သံ/လုပ်ထုံး၊ ၇၉)

၁၁။

အဖွဲ့ဝင်အရေအတွက် မပြည့်သေးပါက လိုအပ်သောနေရာအတွက် ဘွဲ့အမည်သစ်စာရင်းကို အပိုဒ်(၉)အတိုင်း ဥက္ကဋ္ဌဆရာတော်က ဒုတိယနှင့် တတိယအကြိမ် တင်သွင်းပြီး များရာသံဃာ့ဆန္ဒ ရယူ၍ အတည်ပြု ကြေညာရမည်။ (သံ/လုပ်ထုံး၊ ၈၀)

၁၂။
(က)

တတိယအကြိမ် တင်သွင်းသော်လည်း သံဃာ့ဆန္ဒထက်ဝက်ကျော် မရသောနေရာကို ချန်လှပ်၍ ရရှိသည့် အဖွဲ့ဝင်ဆရာတော် အရေအတွက်ဖြင့်ပင် တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ)

ချန်လှပ်ခဲ့ရသော နေရာအတွက် ဒုတိယ၊ တတိယစသော နှစ်ပတ်လည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးတို့၌ အပိုဒ်(၁၀၊ ၁၁)တို့နှင့်အညီ ဆောင်ရွက် ရမည်။ (သံ/လုပ်ထုံး၊ ၈၁)

၁၃။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အပါး ၃၀၀ နှင့် ယင်းဆရာတော် အပါး ၃၀၀ အနက်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးတို့ဖြင့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ စသည့်ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိသည်။ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်တို့အား အမြဲတာဝန်ရှိစေလျက် အဖွဲ့ဝင် ၄၅ ပါးထဲမှ ဒုတိယဥက္ကဋ္ဌ ၂ ပါး၊ တွဲဘက်အကျိုးတော်ဆောင် ၂ ပါး၊ အဖွဲ့ဝင် ၁၁ ပါး စုစုပေါင်း ၁၅ ပါး ပါဝင်သည့် ပထမအဖွဲ့ခွဲ၊ ဒုတိယ အဖွဲ့ခွဲ၊ တတိယအဖွဲ့ခွဲ ဟူ၍ အဖွဲ့ခွဲ ၃ ဖွဲ့ဖြင့် ၄ လတစ်ကြိမ် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယကကျောင်းတော်ကြီး၌ ရုံးထိုင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်အစည်းအဝေးကျင်းပ၍ တာဝန်ထမ်းဆောင်ကြပါသည်။

နိုင်ငံတော်သံဃမဟာနာယကဆရာတော်၏ အရည်အချင်းများ

၁။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်သည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၏ ဂုဏ်အင်္ဂါ အရည်အချင်းများနှင့် ပြည့်စုံရမည့်အပြင် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါအရည်အချင်းများနှင့်လည်း ပြည့်စုံရမည်-

(က)

သိက္ခာတော် အနည်းဆုံး(၃၀)ဝါ ရှိရမည်၊

(ခ)

လောက၊ ဓမ္မ နှစ်ဌာနတို့၌ တတ်သိလိမ္မာရမည်၊

(ဂ)

သံဃာ့အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို ဦးစားပေး ဆောင်ရွက်လိုသော စိတ်ဆန္ဒ ရှိရမည်၊ (သံ/လုပ်ထုံး၊ ၈၁)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းပုံ

 

pic

Previous Page    Next Page

 

Loading