ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၁၁-၁၀-၂၀၂၀ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်ရှိ ရွှေဘုန်းရိပ်ပရိယတ္တိစာသင်တိုက်၊ ရတနာမာန်အောင်ပရိယတ္တိစာသင်တိုက်၊ ကောင်းဆုဝေ လပရိယတ္တိစာသင်တိုက်၊ မဟာဝိနယာရာမရွှေကျီးသာပရိယတ္တိစာသင်တိုက်၊ အာယုဒီဃပျိုးဥယျာဉ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ပဓာနနာယကဆရာတော်များထံသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်  နယ်စပ်တောင်တန်းဒေသသာသနာ နုဂ္ဂဟအသင်းတို့က တစ်ကျောင်းလျှင်ဆွမ်းဆန်တော် ၁၆ အိတ် စီဖြင့် စုစုပေါင်း […]

» Read more

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ မျက်ပါးရွှေဆိုင်းများ ဝယ်ယူမည့် အစီအမံများအပေါ် ဝမ်းမြောက်စွာ သာဓုခေါ်ဆို

၁။      COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရွှေဆိုင်းလုပ်ငန်းများ ရပ်နားထားရသည်မှာ ၆ လခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် ရွှေဆိုင်းလုပ်သားများနှင့် ရွှေဆိုင်းလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိကြောင်း “ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်း”၏ တင်ပြချက် အပေါ် ကုသိုလ်ယူဆောင်ရွက်ပေးရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဂေါပက အဖွဲ့များသို့ အကြောင်းကြားခဲ့ပါသည်။ ၂။       ယင်းသို့ တိုက်တွန်းနှိုးဆော်ချက်အရ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က စွယ်တော်ဦးရွှေဆိုင်း လုပ်ငန်း၊ သကျနန္ဒီရွှေဆိုင်းလုပ်ငန်း၊ ဇင်ယော်ရွှေဆိုင်းလုပ်ငန်း၊ ရွှေယင်းမာရွှေဆိုင်းလုပ်ငန်းနှင့် ရှင်သန်ဆဲဒြပ်မဲ့ […]

» Read more

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးတို့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင်၊ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ပွားချီးမြှင့်

၁-၁၀-၂၀၂၀ ၊ ရန်ကုန် မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ Covid-19 ကပ်ရောဂါဘေးကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ (၁-၁၀-၂၀၂၀ ရက်နေ့)၊ ၀၇ ၂၀ အချိန်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် […]

» Read more

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်ကြီးများ COVID-19 ရောဂါအန္တရာယ် ကင်းပျောက်စေရေး ရတနာ့သုတ်၊ မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်

၂၂-၉-၂၀၂၀ (၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်)ရက်နေ့၊ ၀၈ ၃၀ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် ၁၀ ပါးတို့က ကမ္ဘာနိုင်ငံ အနှံ့အပြားနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါအန္တရာယ် ကင်းပျောက် စေရေးအတွက် မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရတနာ့သုတ်၊ မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။ သာသနာရေးဦးစီးဌာန

» Read more
1 9 10 11