ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့

၁။

ရပ်ကွက် / ကျေးရွာအုပ်စုသံဃနာယကအဖွဲ့ဆိုသည်မှာ ရပ်ကွက် / ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင် များက ရွေးချယ်ဖွဲ့စည်းသော သံဃာ့အဖွဲ့ကိုဆိုသည်။(သံ/စည်း၊ ၂-ဇ)

၂။

ရပ်ကွက် / ကျေးရွာအုပ်စုများ စုပေါင်းသံဃနာယကအဖွဲ့ဆိုသည်မှာ သတ်မှတ်ထားသော သံဃာ့ ဝန်ဆောင်အရေအတွက် မပြည့်မီသဖြင့် သံဃနာယကအဖွဲ့ မဖွဲ့စည်းနိုင်သော ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကများကို နီးစပ်သင့်လျော်ရာ စုပေါင်း၍ မြို့နယ်သံဃနာယကအဖွဲ့က သတ်မှတ်ဖွဲ့စည်း ပေးထားသော စုပေါင်းသံဃနာယကအဖွဲ့ကိုဆိုသည်။ (သံ/စည်း၊ ၂-စျ)

၃။

ရပ်ကွက် / ကျေးရွာအုပ်စုသံဃနာယကဆရာတော်သည် မြို့နယ် / တိုင်းဒေသကြီး / ပြည်နယ် သံဃနာယက ဆရာတော်အဖြစ် တင်မြှောက်ခြင်းခံရပါက ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယက အဖြစ်မှ အလို အလျောက် နုတ်ထွက်ပြီးဖြစ်သည်။(သံ/စည်း၊ ၁၈-ခ)

၄။

ရပ်ကွက် / ကျေးရွာအုပ်စုသံဃနာယကနှင့် သံဃနာယကအဖွဲ့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရပ်ကွက် / ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင်ဆရာတော်များဖြင့် သတ်မှတ် / ဖွဲ့စည်းရမည်။(သံ/စည်း၊ ၂၅)

၅။

သတ်မှတ်ထားသော သံဃာ့ဝန်ဆောင်အရေအတွက် မပြည့်မီသဖြင့် သံဃနာယကအဖွဲ့ မဖွဲ့ စည်းနိုင်သော ရပ်ကွက် / ကျေးရွာသံဃနာယကဆရာတော်များကို သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့က ပြည့်မီသော ရပ်ကွက်အုပ်စု၌ မပြည့်မီသော ရပ်ကွက်အုပ်စုကို တွဲဖက်၍ သော်လည်းကောင်း၊ နီးစပ်ရာ မပြည့်မီသော ရပ်ကွက်အုပ်စုချင်းပူးပေါင်း၍သော်လည်းကောင်း နီးစပ်သင့်လျော်ရာ စုပေါင်း၍ “စုပေါင်းရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကအဖွဲ့” အဖြစ် သတ်မှတ်ဖွဲ့စည်းပေးရမည်။ (သံ/စည်း၊ ၃၁)

၆။

ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကအဖွဲ့စုံညီအစည်းအဝေးကို အနည်းဆုံး ၃လ ၁-ကြိမ် ကျင်းပရမည်။(သံ/စည်း၊ ၆၇)

၇။

ရပ်ကွက် / ကျေးရွာအုပ်စုသံဃနာယကအဖွဲ့သည် ရပ်ကွက် / ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင် အစည်းအဝေးကို အရေးပေါ်ကျင်းပလိုလျှင် ရပ်ကွက် / ကျေးရွာအုပ်စု အာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။ (သံ/စည်း၊ ၇၁)

၈။

ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ အရေးပေါ်အစည်းအဝေးကို အမြန်ဆုံး ပင့်ဆောင် ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပရမည်။ (သံ/စည်း၊၇၅)

၉။

ရပ်ကွက် / ကျေးရွာအုပ်စုသံဃနာယကအဖွဲ့၏ သက်တမ်းသည် ပုံမှန်အားဖြင့် (၆)နှစ်ဖြစ်သည်။ ထပ်မံရွေးချယ်ခံရပါက ဒုတိယ(၆)နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။ (၆)နှစ်သက်တမ်း (၂)ကြိမ် ထက် ပိုမို၍ ထမ်းဆောင်ခွင့် မရှိစေရ။ အထက်အဆင့်အဖွဲ့အစည်းဝင်အဖြစ် ရွေးချယ်ခံရပါက ၎င်း အဖွဲ့အစည်း သက်တမ်းအတိုင်းဖြစ်သည်။

ခြွင်းချက်။     သတ်မှတ်အရေအတွက် မပြည့်မီသော ရပ်ကွက်ကျေးရွာအုပ်စုအတွင်းဖြစ်ပါက ၂ကြိမ် ထက် ပိုမို၍ အရွေးခံခွင့်ရှိသည်။ (သံ/စည်း၊ ၈၆)

၁၀။

ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကအဖွဲ့၏ သက်တမ်းသည် ရပ်ကွက် / ကျေးရွာအုပ်စု သံဃ နာယကအဖွဲ့သစ်အား တာဝန်လွှဲအပ်ပြီးသည်အထိဖြစ်သည်။ (သံ/စည်း၊ ၈၉)

 

ရပ်ကွက်/ကျေးရွာအုပ်စုများ သံဃနာယကအဖွဲ့ပူးပေါင်းဖွဲ့စည်းခြင်း

၁။

မြို့နယ်သံဃနာယကအဖွဲ့သည် သတ်မှတ်ထားသော သံဃာ့ဝန်ဆောင်အရေအတွက် မပြည့်မီ သဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ မဖွဲ့စည်းနိုင်သော မိမိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု သံဃနာယကဆရာတော်များကို ပြည့်မီသော ရပ်ကွက်/ ကျေးရွာအုပ်စု၌ တွဲဖက်၍ သော်လည်းကောင်း၊ နီးစပ်သင့်လျော်ရာ မပြည့်မီသော ရပ်ကွက်/ကျေးရွာအုပ်စုချင်း ပူးပေါင်း၍ သော်လည်းကောင်း ရပ်ကွက်/ကျေးရွာအုပ်စုများ သံဃနာယကအဖွဲ့အဖြစ် သတ်မှတ်ဖွဲ့စည်း ပေးရ မည်။(သံလုပ်ထုံး၊ ၂၈)

၂။

မြို့နယ်ကွဲသော ရပ်ကွက်/ကျေးရွာအုပ်စုများကို စုပေါင်းဖွဲ့စည်းခြင်း မပြုရ။(သံလုပ်ထုံး၊ ၂၉)

၃။

သီးခြားဂိုဏ်းများသည် ရပ်ကွက် / ကျေးရွာအုပ်စုများ သံဃနာယကအဖွဲ့ ပူးပေါင်း ဖွဲ့စည်းခြင်း ကို ဤလုပ်ထုံးလုပ်နည်းများနှင့်အညီ စုပေါင်းသတ်မှတ်ထားရှိနိုင်ကြသည်။ (သံလုပ်ထုံး၊ ၃၀)

၄။

ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ ဆရာတော်သည် အထက်သံဃနာယကအဖွဲ့ များက ပေးအပ်သောတာဝန်နှင့် ညွှန်ကြားချက်များကို မိမိသံဃနာယက စုပေါင်းအဖွဲ့ဝင် သံဃ နာယကဆရာတော်များ သိရှိလိုက်နာအောင် ဆောင်ရွက်ရမည်။ (သံလုပ်ထုံး၊ ၃၁)

၅။ (က)

သီးခြားဂိုဏ်းများသည် ရပ်ကွက် / ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင်နှင့် ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကများကို အဆင့်တူ သတ်မှတ်ထားခွင့်ရှိသည်၊

(ခ)

အဆင့်တူ သတ်မှတ်ခြင်းခံရသော ပုဂ္ဂိုလ်သည် အပိုဒ်(၁၈)လာ ရပ်ကွက် /​ ကျေးရွာ အုပ်စု သံဃနာယကဆရာတော်၏ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံရမည်။ (သံလုပ်ထုံး၊ ၃၂)

 

ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက၏ အရည်အချင်းများ

၁။

ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယကဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါအရည်ချင်း များနှင့် ပြည့်စုံရမည်-

(က)

သိက္ခာတော် အနည်းဆုံး(၁၀)ဝါ ရှိပြီးဖြစ်ရမည်၊

(ခ)

ဝိနည်း၌ ကျွမ်းကျင်လိမ္မာရမည်၊

(ဂ)

ရဟန်းရှင်လူတို့၏ ကြည်ညိုလေးစားခြင်းကို ခံထိုက်ရမည်၊

(ဃ)

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(င)

ခမာ၊ ဇာဂရိယ စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်၊

(စ)

ရွေးကောက်တင်မြှောက်ရာ ရပ်ကွက် / ကျေးရွာအုပ်စုအတွင်း၌ ဝါကပ်သီတင်း သုံး သော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဆ)

မိမိအပေါ် ကျရောက်လာသော တာဝန်များကို ဧကန်မုချဆောင်ရွက်နိုင်သော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဇ)

ရပ်ကွက် / ကျေးရွာအုပ်စုအတွင်းရှိ သံဃာများ၊ ဂိုဏ်းများကို စုစည်းညီညွတ် စေလို သော ဆန္ဒရှိရမည်၊

(ဈ)

အဂတိတရား လိုက်စားခြင်းမှ ရှောင်ကြဉ်ရမည်၊

(ည)

ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်းစသော အကြောင်းတစ်စုံတစ်ရာကြောင့် မိမိ ဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်းမခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဋ)

အကျင့်စာရိတ္တနှင့်စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေး မခံရဖူးသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

 

Previous Page