ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်း အဆင့်ဆင့်

dra3

သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော် ၁၂၁၉ ပါး တက်ရောက်တော်မူကြသည့်

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပနေပုံ

၅။        ယင်းအစည်းအဝေးကြီးကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး မြို့နယ်ပေါင်း ၃၂၀ ရှိ သံဃာအနည်း အများ၊ အခြေခံဒေသအလိုက် ကျောင်းပေါင်း ၄၆၂၉၇ ကျောင်း၊ ရဟန်းတော်ပေါင်း ၁၄၂၃၆၀ ပါး အနက်မှရွေးချယ်၍ သံဃသမ္မုတိရဆရာတော် ၁၂၁၉ ပါးတို့ တက်ရောက်ကြပါသည်။ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များထဲမှ အခြေခံဒေသအလိုက် ရွေးကောက်သည့် သံဃာတော်များ ပါဝင်ဖွဲ့စည်းသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ ရွေးချယ်ခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ ဒေသအလိုက် ရွေးကောက်တင်မြှောက်မှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ အလားတူ ရပ်ကွက်/ ကျေးရွာဝန်ဆောင် သံဃာတော်များထဲမှ ရပ်ကွက်/ ကျေးရွာ သံဃနာယကအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်း၊ မြို့နယ်ဝန်ဆောင်သံဃာတော်များထဲမှ မြို့နယ်သံဃနာယကအဖွဲ့ရွေးချယ်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ဆောင်ဆရာတော်များထဲမှ တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယက အဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်းများပြုလုပ်၍ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပေါ်ပေါက်လာခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် ၃၅ နှစ်ကျော်လွန်ခဲ့ပါပြီ။

dra4ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး

သံဃာ့ဝန်ဆောင်အကြံပေးအဖွဲ့ ဆရာတော်များ

ရွေးကောက်တင်မြှောက်ခြင်း

 

၆။        သံဃာ့အဖွဲ့အစည်းတိုင်း၏ ရွေးကောက်ခြင်း၊ တင်မြှောက်ခြင်းကဏ္ဍများ၌ သံဃာတော် အချင်းချင်းသာ ဆောင်ရွက်ကြ၍ အခြေခံဒေသအတွင်း သတ်မှတ်ထားသည့် အရပ်ဒေသ၌ သံဃာများ စုရုံး၍ ရွေးချယ်မည့်ပုဂ္ဂိုလ်အား အဆိုပြုပြီး ထောက်ခံမှုကို ဆိတ်ဆိတ်နေခြင်း၊ ကန့်ကွက်ခြင်းဖြင့် သံဃာ့အလယ်တွင် ဆုံးဖြတ်ပြီး အတည်ပြုကြ၏။ အဆိုပြုလျာထားခံရသော ပုဂ္ဂိုလ်သည် တစ်ကြိမ် နှင့်ပြီးပြတ်သည်လည်းရှိ၏။ နှစ်ကြိမ်၊ သုံးကြိမ် အဆိုပြုပြီးမှ ပြီးပြတ်သည်လည်းရှိ၏။ ထိုမျှနှင့် မပြီးပြတ်ဘဲ အပြိုင်နှစ်ပါးဖြစ်နေသော် မဲပုံးထောင်၍ လျှို့ဝှက်မဲစနစ်အသုံးပြုကာ ဆုံးဖြတ် ရသည် လည်းရှိပါသည်။

 

၇။        သံဃာ့အဖွဲ့အစည်းရွေးချယ်ပွဲများတွင် သာသနာရေးဝန်ကြီးဌာနသည် ဥပတ္ထမ္ဘကအဖြစ်ဖြင့်သာ ပါဝင်ဆောင်ရွက်ရပြီး သံဃာ့အဖွဲ့အစည်းရွေးချယ်ပွဲ၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါ။ သံဃာ့ကိစ္စ သံဃာဆောင်ရွက်မှုအပေါ် ဒေသအာဏာပိုင်အဖွဲ့အစည်းများအနေနှင့်လည်း လုံခြုံရေး အရ ကူညီရုံသာရှိပါသည်။

 

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက်

၁။

သာသနာတော် သန့်ရှင်း, တည်တံ့, ပြန့်ပွားရန် ဖြစ်သည်။

၂။

သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးနေထိုင်ရေးအတွက် သံဃာ အချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန် ဖြစ်သည်။

၃။

ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန် ဖြစ်သည်။

၄။

ပရိယတ္တိနှင့်လျော်ညီသော ပဋိပတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွားစေရန် ဖြစ်သည်။

၅။

သံဃာတော်များ ဂန္ထဓုရနှင့် ဝိပဿနာဓုရ နှစ်ပါးလုံးကိုသော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင်ရွက်နိုင်ကြစေရန် ဖြစ်သည်။

၆။

သံဃာတော်များသည် ဓုရနှစ်ပါးကို အေးချမ်းသာယာစွာ ထမ်းဆောင်တော်မူခွင့်ရသဖြင့် ပဋိဝေဓသာသနာတော်ကို ရရှိခံစားနိုင်ကြစေရန် ဖြစ်သည်။

၇။

သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်ရာ၌ သံဃာ့ဂိုဏ်းများသည် ကြီးသည် ငယ်သည် မဟူ စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ဆောင်ရွက်ကြရန် ဖြစ်သည်။ (သံ/စည်း ၁၂)

 

 

 

Previous Page     Next Page