စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်ကြီးများ COVID-19 ရောဂါအန္တရာယ် ကင်းပျောက်စေရေး ရတနာ့သုတ်၊ မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်

၂၂-၉-၂၀၂၀ (၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်)ရက်နေ့၊ ၀၈ ၃၀ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် ၁၀ ပါးတို့က ကမ္ဘာနိုင်ငံ အနှံ့အပြားနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါအန္တရာယ် ကင်းပျောက် စေရေးအတွက် မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရတနာ့သုတ်၊ မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန