သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ သာသနာ့ဗိမာန်ရှိ ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်၍ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညို

၂၂-၇-၂၀၂၀ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားဝင်း၊ သာသနာ့ဗိမာန်ရှိ ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်၍ ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် စာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန