သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၄-၇-၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရုံးခွဲ)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံး(ရုံးခွဲ)များမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံး(ရုံးခွဲ)များမှ ဒုတိယညွှန်ကြားရေးမှူးများက လေးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် သာသနာရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန