သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပဲခူးတိုင်းဒေသကြီးရှိ အစိုးရဓမ္မာစရိယပါဠိပထမပြန်စာဖြေဌာန စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညို

သတင်းစဉ်၊ နေပြည်တော်

          ၁၀-၇-၂၀၂၀ ရက်နေ့မှ ၁၆-၇-၂၀၂၀ ရက်နေ့ထိ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ကျင်းပနေသော စာဖြေဌာနများဖြစ်သည့် တောင်ငူမြို့ သာသနာ့ဟိတကာရီဗိမာန်သို့လည်းကောင်း၊ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မ ဗိမာန်သို့လည်းကောင်း၊ သာယာ၀တီမြို့  ကျိုက်ထိုဇောတိကရုံကျောင်းတိုက်သို့လည်းကောင်း၊ လက်ပံတန်း မြို့ ဘုရားကြီးကျောင်းတိုက်သို့လည်းကောင်း၊ အုတ်ဖိုမြို့ မြို့လယ်ဓမ္မာရုံသို့လည်းကောင်း၊ သဲကုန်းမြို့ မိုးကောင်းဓမ္မာရုံသို့လည်းကောင်း၊ ပေါင်းတည်မြို့ စွယ်တော်တိုက်ဓမ္မဗိမ္မာန်တို့တွင် စာမေးပွဲဖြေဆို နေကြသော စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်များအား သွားရောက် ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို ၁၅-၇-၂၀၂၀ ရက်နေ့မှ ၂၂-၇-၂၀၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာဖြေဌာန ၂၄၁ ဌာနတို့တွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ မူလတန်းတို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း စာရင်းသွင်း ၅၅၁၃၆ ပါးအနက်၊ ၃၉၃၃၂ ပါး ဝင်ရောက် ဖြေဆိုကြသဖြင့် ၇၁ ဒဿမ ၃၄ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန