သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မြောင်းမြမြို့တို့ရှိ ပါဠိပထမပြန်စာဖြေဌာန စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညို

သတင်းစဉ်၊ နေပြည်တော်

          ၁၈-၇-၂၀၂၀ ရက်နေ့၊ ၁၁ ၀၀ အချိန်မှ ၁၁ ၄၅ အချိန်အထိ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သည် ပုသိမ်မြို့၊ မြောင်းမြပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသအား သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

            ထို့နောက် ၁၂ ၀၀ အချိန်မှ ၁၃ ၀၀ အချိန်အထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာသနာရေးမှူးလိုက်ပါလျက် ပုသိမ်မြို့၊ သာသနာ့ဗိမာန်နှင့် သန္တိသုခအတုလ ဓမ္မဗိမာန်တော်ကြီး ပါဠိပထမပြန်စာဖြေဌာနတို့တွင် စာမေးပွဲဖြေဆိုနေကြသော ကြီးကြပ်ရေးဆရာတော် များနှင့် စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ဆက်လက်၍ ၁၃ ၄၅ အချိန်မှ ၁၄ ၃၀ အချိန်အထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာသနာရေးမှူးလိုက်ပါလျက် မြောင်းမြမြို့၊ စကြာသီဟစကြာနန္ဒစေတီတော် ဝန်းအတွင်းရှိ သာသနာ့ဗိမာန် ပါဠိပထမပြန်စာဖြေဌာနတွင် စာမေးပွဲဖြေဆိုနေကြသော ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြောင်းမြမြို့နယ်သာသနာရေးမှူးရုံး ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲကို ၁၅-၇-၂၀၂၀ ရက်နေ့မှ ၂၂-၇-၂၀၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပါဠိပထမပြန်စာဖြေဌာန ၂၄၁ ဌာနတို့တွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ မူလတန်းတို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း စာရင်းသွင်း ၅၅၁၃၆ ပါးအနက်၊ ၃၉၃၇၃ ပါး ဝင်ရောက် ဖြေဆိုကြသဖြင့် ၇၁ ဒဿမ ၄၁ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။ သာသနာရေးဦးစီးဌာန