သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိအစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအားဖူးမြော်ကြည်ညို

သတင်းစဉ်၊ နေပြည်တော်

          ၁၆-၇-၂၀၂၀ ရက်နေ့၊ ၁၂ ၃၀ အချိန်မှ ၁၅ ၁၀ အချိန်အထိသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် စစ်ကိုင်းမြို့၊ သောတပန်ရပ်၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတိုက်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်‌၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေကြသောစာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအားဖူးမြော်ကြည်ညို၍စာဖြေဌာနအတွက် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတိုက် ပဓာနနာယကဆရာတော် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင်မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာသောဘိတအားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မွအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

၁၇-၇-၂၀၂၀ ရက်နေ့၊ ၁၂ ၃၀ အချိန်မှ ၁၃ ၃၀ အချိန်အထိသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်၊မြတောင် (၁၀၀) ပြည့် သာသနာ့ဗိမာန်ပါဠိပထမပြန်စာဖြေဌာနသို့ လည်းကောင်း၊ ချမ်းအေးသာဇံမြို့နယ်၊ပရိယတ္တိသာသနဟိတအသင်းသာသနာ့ဗိမာန်၊ ဓမ္မာစရိယစာဖြေဌာနသို့ လည်းကောင်းသွားရောက်၍စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအားဖူးမြော်ကြည်ညို၍စာဖြေဌာနအတွက် နဝကမ္မအလှူငွေ၊  Mask နှင့် Hand Jelများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ သာသနာရေးဦးစီးဌာန