Covid-19 ကူးစက်ရောဂါအောင်မြင်စွာ ထိန်းချုပ်ကုသနိုင်ရေးအတွက် ဆုတောင်း မေတ္တာပို့သခြင်း

ပုပ်ရဟန်းမင်ကြီး ဖရန်စစ်သည် The Higher Committee of Human Fraternity ၏ တင်ပြချက် ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်နေ့ကို Corona Virus ကူးစက်ရောဂါအား အောင်မြင်စွာ ကျော်လွှာနိုင်ရေးအတွက် ဘာသာပေါင်းစုံမှ ဓမ္မမိတ်ဆွေများနှင့်အတူ စိတ်တစ်လုံးတစ်ဝတည်းထားရှိ၍ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ မေတ္တာကရုဏာလုပ်ငန်းများ အထူးပြုလုပ်ကာ ဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ရသောနေ့အဖြစ် လက်ခံသတ်မှတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ရန်ကုန်ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ်သာသနာနယ်မြေအတွင်းရှိ ကက်သလစ် ဘာသာဝင်အားလုံးတို့သည် ၁၄-၅-၂၀၂၀ ရက်နေ့တွင် ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် မေတ္တာ ကရုဏာလုပ်ငန်းများကို မိမိတို့၏နေအိမ်များတွင်သာ နေထိုင်လျက် ကောင်းမှုပြုလုပ်၍ မေတ္တာပို့သ သွားရန်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက မေတ္တာရပ်ခံ နှိုးဆော်ထားကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန