သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

၂၅-၃-၂၀၂၀ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာ​ရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် လစဉ်ပုံမှန်ပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)တွင် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံခဲ့ပါသည်။

                 ထို့သို့ တွေ့ဆုံရာတွင် ရုံးသို့ ပုံမှန်တက်ရောက်ရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာများ ပုံမှန်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝင်စာထွက်စာများ စနစ်တကျ ဖြန့်ဝေဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြင်ပသို့ ထွက်စာများ ဆောင်ရွက်ရာတွင် လိပ်မူသည့်ဌာနသို့ ရောက်ရှိရန်အတွက် စနစ်တကျ လုပ်ဆောင်ကြရန် အထူးပင်အရေးကြီးပါကြောင်း၊ သို့မှသာ လုပ်ဆောင်ရန်ရှိသည်များကို အချိန်မီ လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ရုံးစာရေးသားရာတွင် တိုတိုနှင့် ရှင်းလင်းပြတ်သားစွာ ရေးသားရန် လိုအပ်ပါကြောင်း၊ အမှုတွဲဖိုင်များကိုလည်း စနစ်တကျ သေချာစွာ ထိန်းသိမ်းဆောင်ရွက် ထားရှိရန် လိုအပ်ကြောင်းနှင့် မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

             ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ကိုရိုနာဗိုင်းရပ် (COVID 19) ရောဂါနှင့်ပတ်သက်ပြီး ယင်းရောဂါကို ထိရောက်စွာ ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော အမိန့်နှင့်ညွှန်ကြားချက်များ၊ လိုက်နာရမည့်စည်းကမ်းချက်များကို စနစ်တကျ လိုက်နာလုပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်ပမှ ပြန်လာသည့် လူများတွင်သာ ရောဂါပိုးတွေ့ရှိသဖြင့် လူအများ သွားလာသည့်နေရာများ၊ လူအများ ရှုပ်ထွေးသည့်နေရာများတွင် သွားရောက်ခြင်းမပြုဘဲ ရှောင်ရှားရန် အထူးပင်လိုအပ်ကြောင်း၊ ယင်းရောဂါ ကူးစက်ခံရမှု မရှိစေရန် အတွက် ကိုယ်ခံအား ကောင်းမွန်ရန် လိုအပ်သဖြင့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးရန် လိုအပ်သည့်အပြင် အိပ်ရေးဝဝ အိပ်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိနေအိမ်နှင့် မိမိဘေးပတ်ဝန်းကျင် တွင်လည်း သန့်ရှင်းမှုရှိအောင် အမြဲလုပ်ဆောင်ကြရာမှာဖြစ်ပါကြောင်း၊ ရောဂါကူးစက်မှု မဖြစ်ပွားစေ ရန်အတွက် မိမိတစ်ဦးချင်းစီတွင်လည်း လိုက်နာရန်အတွက် တာဝန်ကိုယ်စီရှိပါကြောင်း၊ မိမိကိုယ်တိုင် ကျင့်သုံးလိုက်နာမှသာ မိမိပတ်ဝန်းကျင် တစ်ခုလုံး ရောဂါပိုး ဝင်ရောက်မှု မရှိမှာဖြစ်ပါကြောင်းနှင့် ကိုရိုနာဗိုင်းရပ် (COVID 19)ရောဂါ ဝင်ရောက်မှု၊ ကူးစက်မှု ပုံစံများ ရှင်းလင်းပြောကြားခဲ့ပါသည်။

သာသနာရေးဦးစီးဌာန