သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့ရှိ စေတီတော်များ ထီးတော်တင်လှူရေး သွားရောက်ကြည့်ရှုခဲ့ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

၁၇-၃-၂၀၂၀ ရက်နေ့၊ ၁၄ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူး၊ ညောင်ဦးခရိုင်သာသနာရေးမှူးတို့ လိုက်ပါလျက် ပုဂံမြို့ညောင်ဦးမြို့နယ်ရှိ မင်းမျှော်ရာဇာဘုရား၊ မာန်ပြေရန်ပြေဘုရားနှင့် မင်းအိုချမ်းသာ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မင်းအိုချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသ အား ဘုရားစေတီ ထီးတော်တင်ခြင်း ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားခဲ့ပါသည်။ဆက်လက်၍ အလိုတော်ပြည့်ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ (ပုဂံညောင်ဦးမြို့နယ်သံဃနာယကအဖွဲ့၊ အကျိုးတော် ဆောင်)အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

၁၈-၃-၂၀၂၀ ရက်နေ့၊ ၀၈ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ပုဂံညောင်ဦးမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထား ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ပုဂံညောင်ဦးမြို့နယ်၊ ရွှေဘုံသာဘုရားသို့ သွားရောက်၍ ဘုရားအဆောက်အဦ ပြန်လည်မွမ်းမံ တည်ဆောက်နေသည့်လုပ်ငန်းများအား ကြည့်ရှုခဲ့ကြပါသည်။

သာသနာရေးဦးစီးဌာန