သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

          ၂၆-၂-၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရုံးခွဲ)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး(ခွဲ) သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဌာနခွဲညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး(ခွဲ)သာသနာရေးမှူးများက လေးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် သာသနာရေးဆိုင်ရာလုပ်ငန်းများအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန