သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နေပြည်တော်သာသနာရေးမှူးရုံး ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေး

၂၀-၂ -၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်မှ ၁၂ ၀၀ အချိန်ထိ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်သာသနာရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေးပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ ပါသည်။

            ယင်းသို့ တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး၏မူဝါဒဖြစ်သော နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်၊ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်တို့ကို မှာကြားခဲ့ပြီး သာသနာရေးရာကိစ္စရပ်များ၊ ပညာရေးရာကိစ္စရပ်များ၊ ဝိနိစ္ဆယရေးရာကိစ္စရပ်များ၊ ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ ငွေစာရင်းကိစ္စရပ်များကို စနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ကြစေရန်၊ လုပ်ငန်းတာဝန်များကျွမ်းကျင်မှုရှိအောင် လေ့လာဆောင်ရွက်ထားရန်၊ ရုံးလုပ်ငန်းဆိုင်ရာ အမှုတွဲဖိုင်များကို စနစ်တကျ သိမ်းဆည်းရန်၊ ရုံးလုပ်ငန်းများကောင်းမှ လုပ်ဆောင်မှုရလဒ်များ ကောင်းမည်ဖြစ်ကာ  ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ဌာန၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။  

သာသနာရေးဦးစီးဌာန