သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့တိုက်ကြီး)၏တိုက်တည်ရာပြည့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို

၁၃-၂-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့တိုက်ကြီး)၏ တိုက်တည် ရာပြည့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထိုနောက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သာသနာရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားကာ ရုံး အဆောက်အဦ ဆောက်လုပ်နေမှုများအား ကြည်ရှု့စစ်ဆေးခဲ့ပါသည်။  

သာသနာရေးဦးစီးဌာန