သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို

၁၂-၂-၂၀၂၀ ရက်နေ့၊ ၁၅ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒသာရ မထေရ်မြတ်ကြီးအားလည်းကောင်း၊ ရေစကြိုမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဓမ္မပါလ အရှင်သူမြတ်အားလည်းကောင်း ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထိုနောက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရေစကြိုမြို့နယ်၊ ပခန်းစည် သူရှင်သရက္ခန်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုရားဘက်စုံမွမ်းမံရေးအတွက် အလှူ တော်ငွေများ ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန