သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့တိုက်ကြီး)သို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

၁၂-၂-၂၀၂၀ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့တိုက်ကြီး)သို့ သွားရောက် ၍ မဟာဝိဇယာရာမပါဠိတက္ကသိုလ် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တနေမိန္ဒမဟာထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထိုနောက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မဟာဝိဇယာရာမပါဠိတက္ကသိုလ် (အရှေ့တိုက်ကြီး)၏ တိုက်တည်ရာပြည့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားအတွက် ပြင်ဆင်ထားရှိမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။  

သာသနာရေးဦးစီးဌာန