သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၀) (သတ္တမနေ့)သင်တန်း ဖွင့်လှစ်ပို့ချ

ရန်ကုန် ဖေဖော်ဝါရီ ၉

၉-၂-၂၀၂၀ ရက်နေ့၊ ၀၇ ၀၀ အချိန်မှ ၁၅ ၅၀ အချိန်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေရှိ အပရဂေါယာနကျောင်းဆောင်၌ သံဃနာယကနှင့်ဝိနည်းဓိုရ် ဗဟိုအဆင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ်ပို့ချလျက်ရှိရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ တွဲဖက် အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ဓမ္မာစရိယ၊ ဝိနယဓရ၊ Ph.D)က ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း ဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေဘာသာရပ်ကိုလည်းကောင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ (ပထမအဖွဲ့ခွဲ) တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇောသာရာ ဘိဝံသက ဝိနည်းဓမ္မကံအဓိကရုဏ်း မှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံး/လုပ်နည်း ဘာသာရပ်နှင့် ဝိနိစ္ဆယလက်စွဲဘာသာရပ်ကို လည်းကောင်း၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၏လုပ်ငန်းစဉ်များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်း ဥပဒေအရာရှိ ဒေါ်ချိုချိုအောင်က ဥပဒေ ဘာသာရပ်ကို လည်းကောင်း သင်ခန်းစာများ ရှင်းလင်း ပို့ချလျှောက်ထားခဲ့ပါသည်။

 အဆိုပါသင်တန်းသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်သံဃ နာယကအဖွဲ့ဝင်ဆရာတော် ၅၂ ပါးနှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူး ၁၈ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *