သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နေပြည်တော်၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သော (၄၅)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ စာအောင်သံဃာဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ပူဇော်

၉-၂-၂၀၂၀ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ရှိ ရွှေရတုစာချဓမ္မဗိမာန်တော်ကြီး၌ ဩဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူး၍ ဓမ္မဝါစာကအဖွဲ့က ကျင်းပသော (၄၅)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သည့် စာအောင်သံဃာဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ပူဇော်ခဲ့ပါသည်။

ရှေးဦးစွာ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာ နာယူကာ (၄၅)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာတော်များအား ဂုဏ်ပြုဆုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နာယကဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးဆရာတော်ကြီး ၂၇ ပါးတို့အား ၁ ပါးလျှင် အလှူငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငါးသိန်း လေးသောင်းကျပ်၊ စာအောင်သံဃာတော် ၁၅၅ ပါးတို့အား ၁ ပါးလျှင် အလှူငွေကျပ် ငါးထောင်နှုန်းဖြင့် ခုနစ်သိန်း ခုနစ်သောင်း ငါးထောင်ကျပ်၊ စုစုပေါင်း အလှူငွေကျပ် တစ်ဆယ့်သုံးသိန်း တစ်သောင်း ငါးထောင်ကျပ်တိတိ(၁,၃၁၅,၀၀၀/-) ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ ထံမှ ငါးပါးသီလခံယူဆောက်တည်
သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း
သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း
သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသောဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေ