သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

            ၇-၂-၂၀၂၀ ရက်နေ့၊ ၁၃ ၀၀ အချိန်မှ ၁၅ ၀၀ အချိန်ထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်သို့ သွားရောက်၍ ကျောင်း တိုက်ကြီး၏ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရအား ဖူးမြော်ကြည်ညို၍ (၅၁)ကြိမ်မြောက်၊ ၁၀၈ ဆူ အောင်တော်မူဘုရားကြီးနှစ်ဆူ ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် (၄၅)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယ စာတော်ပြန်ပွဲ ကျင်းပနေမှုအခြေအနေ များအား မေးမြန်းလျှောက်ထားခဲ့ပါသည်။

          ထို့နောက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၄၅)ကြိမ်မြောက် ပရိယတ္တိဓမ္မ ဝိနယစာတော်ပြန်ပွဲ ကျင်းပပြုလုပ်သည့်အခြေအနေများနှင့် ရှင်သာမဏေများ၏ စာတော်ပြန်ဆိုမှုများ အား လှည့်လည်ကြည့်ရှုကြည်ညိုခဲ့ပါသည်။

          (၄၅)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယ စာတော်ပြန်ပွဲ စာအောင်သံဃာ ဆုနှင်းသဘင်အခမ်းအနား ကို ၉-၂-၂၀၂၀ ရက်နေ့ ၁၃ ၀၀ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန