သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟို အဆင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်း(ပဉ္စမနေ့/ မွန်းလွဲပိုင်း) ဆက်လက် ဖွင့်လှစ်ပို့ချ

၇-၂-၂၀၂၀ ရက်နေ့၊ မွန်းလွဲပိုင်း ၁၃ ၀၀ အချိန်မှ ၁၅ ၅၀ နာရီအချိန်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ အပရဂေါယာနကျောင်းဆောင်၌ သံဃနာယကနှင့်ဝိနည်းဓိုရ်ဗဟိုအဆင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ်ပို့ချလျက်ရှိရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ တွဲဖက် အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ဓမ္မာစရိယ၊ ဝိနယဓရ၊ Ph.D)က ဝိနည်း ဓမ္မကံအဓိကရုဏ်းမှုခင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေဘာသာရပ်ကိုလည်းကောင်း၊  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (တတိယ အဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိ၊ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မက ညွှန်ကြားလွှာများ၊ ညွှန်ကြားလွှာ(၇၅)ဆိုင်ရာလုပ်ထုံးလုပ်နည်းဘာသာရပ်ကိုလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက သံဃနာယကလက်စွဲ၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းဘာသာရပ်ကိုလည်းကောင်း သင်ကြားပို့ချခဲ့ပြီးနောက် မွန်းလွဲပိုင်းသင်တန်းပို့ချမှုကို ရပ်နားခဲ့ပါသည်။

၇-၂-၂၀၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖွင့်လှစ်ပို့ချသော ဝိနည်းဓိုရ်သင်တန်းသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်နှင့်တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်(၄၉)ပါးနှင့် တိုင်း ဒေသကြီး/ပြည်နယ်သာသနာရေးမှူး(၁၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

သာသနာရေးဦးစီးဌာန