သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၂၈-၃-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့လည်းကောင်း၊ ၂၉-၃-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ရမည်းသင်းမြို့ပေါ်ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့လည်းကောင်း၊ ၃၁-၃-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့ လည်းကောင်း သွားရောက်၍ ဓမ္မာစရိယကျမ်းစာများ ဖြေဆိုတော်မူကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ထိုသို့ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ရာတွင် စာဖြေဌာန ၁ ခုချင်းစီအတွက် အလှူတော်ငွေကျပ် ၅ သိန်းစီ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သာသနာရေးဦးစီးဌာန