ကျောင်းဒါယကာ၊ ဒါယိကာမများအဖြစ် ခံယူနိုင်ရေး ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန် နှိုးဆော်တိုက်တွန်းခြင်း

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါ့တမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူရွာရှိ “တောင်တန်းသာသနာပြု စိန်တောင်ကျောင်းတိုက်”တွင် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် ကယားတိုင်းရင်းသား/ တိုင်းရင်းသူ လူငယ်များအား ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆုံးအမများ သင်ကြားခြင်းနှင့် အဖိုးအဖွားတို့အား ဝိပဿနာကမ္မဋ္ဌာန်းတရားများ သင်ကြားပြသလျက်ရှိရာတွင် ကျောင်းဆောင်အခက်အခဲ ကြုံတွေ့နေရပါသည်။

“သံဃာတော်များ သီတင်းသုံးရန်၊ တရားဓမ္မသင်ကြားပြသရန် ကျောင်းဆောက်လုပ် လှူဒါန်းခြင်းသည် အလှူအားလုံးတို့ကို လှူသည်မည်၏၊ အလှူအားလုံးတို့ကို လှူသည် မည်သောကြောင့် အလှူအားလုံးနှင့်ထပ်တူညီမျှသော အကျိုးတရားများကိုလည်း တောင်းဆုပြုစရာ မလိုအောင် ပြည့်ဝကြောင်း”မြတ်စွာဘုရားရှင် က သံယုတ်ပါဠိတော်တွင် ဟောကြားထားပါသည်။

သို့ဖြစ်ပါ၍ ဒေသခံဗုဒ္ဓဘာသာဝင်တိုင်းရင်းသား/တိုင်းရင်းသူများ စိတ်ချမ်းမြေ့စွာဖြင့် တရားဓမ္မများ သင်ယူအားထုတ်နိုင်ရေး တစ်ထပ်ဓမ္မာရုံကျောင်းဆောင်(၉၀×၄၅)တစ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန် နိဗ္ဗာန်အကျိုးမြော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်သော ဖုန်းနံပါတ်များ-

  • ဦးဘော်ရယ်စိုးဝေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၃)မဲဆန္ဒနယ်၊ ကယားပြည်နယ်၊ ဖုန်း-၀၉-၄၅၄၇၀၅၅၅၉
  • ဦးသောင်းဝင်း၊ ညွှန်ကြားရေးမှူး၊ ဝန်ကြီးရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

ဖုန်း၊ ၀၆၇-၃၄၀၆၂၇၆၊ ၀၉-၄၂၀၇၀၁၄၆၃

  • ဦးမင်းရွှေလွင်၊ ညွှန်ကြားရေးမှူး၊ ကယားပြည်နယ်သာသနာရေးမှူးရုံး

၀၈၃-၂၂၂၁၁၀၃၊ ၀၉-၅၁၅၉၄၂၂

သာသနာရေးဦးစီးဌာန