သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၄-၂-၂၀၁၉ ရက်နေ့၊ ၁၀ ၀၀ အချိန်မှ ၁၁ ၀၀ အချိန်ထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာ​ရေး)၊ ရုံးအမှတ် ၃၁၊ နေပြည်တော်၊ စုပေါင်းအစည်းအဝေးခန်းမ၌ လစဉ်ပုံမှန်ကျင်းပပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အခမ်းအနားသို့ တက်ရောက်ပါသည်။

          ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ကို အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၇၉ ဦး စုစုပေါင်း ၉၅ ဦး တက် ရောက်ကြောင်း သိရှိရပါသည်။  

သာသနာရေးဦးစီးဌာန