သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရန်ကုန်မြို့၊ မဟာပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ ကျင်းပပြုလုပ်သော တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယရာတော်ကြီးများနှင့် စာထောက်စာမ ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၁၈-၁-၂၀၁၉ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် တာဝန်ရှိသူများလိုက်ပါလျက် ၂၈-၁၂-၂၀၁၈ ရက်နေ့မှ ၂၉-၁-၂၀၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ မဟာပါသာဏ လိုဏ်ဂူတော် သိမ်တော်ကြီး၌ ကျင်းပပြုလုပ်သော တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနေကြသော စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီး ၁၁ ပါးနှင့် စာထောက်စာမဆရာတော် ၁၂၄ ပါးတို့အား အလှူတော်ငွေကျပ် ၃၀,၈၄၀၀၀/-(ကျပ် သုံးဆယ်သိန်းရှစ်သောင်းလေးထောင်တိတိ) လှူဒါန်းခဲ့ပါသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် (၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို၂၈-၁၂-၂၀၁၈ ရက်နေ့မှ ၂၉-၁-၂၀၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ မဟာပါသာဏ လိုဏ်ဂူတော်သိမ်တော်ကြီး၌ ကျင်းပပြုလုပ်လျက်ရှိရာ အဘိဓမ္မာ(ဒုတိယပိုင်း) ၁ ပါး၊  အဘိဓမ္မာ(ပထမပိုင်း) ၁ ပါး၊  ဒီဃနိကာယ် ၁၀ ပါး၊ ဝိနည်း(ဒုတိယပိုင်း) ၉၃ ပါး၊ ဝိနည်း(ပထမပိုင်း) ၁၁၅ ပါး၊ စုစုပေါင်း ၂၂၀ ပါး စာရင်းသွင်းဖြေဆိုလျက်ရှိကြောင်းနှင့် အများပြည်သူများအနေဖြင့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲဖြေဆိုနေကြသော စာဖြေသံဃာတော်များအား လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန