ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး စေတီတော်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

၁၇-၁-၂၀၁၉ ရက်နေ့၊ ၁၅ ၁၅ အချိန်မှ ၁၆ ၀၀ အချိန်ထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး၊ ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများကို လုပ်ငန်းခွင်သို့ သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်တည် ဆောက်နေသည့် ကုမ္ပဏီများဖြစ်သည့် တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီ၊ စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီများမှ စီမံကိန်းအင်ဂျင်နီယာ၊ စီမံကိန်းမန်နေဂျာ၊ တည်ဆောက်ရေးတာဝန်ခံ၊ မြန်မာမှုပညာရှင်များအား တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျစီမံ၍ ဆောင်ရွက်သွားရေး၊ စေတီတော်ကြီး တည်ဆောက်ရာတွင် ကြံ့ခိုင်မှု ရှိစေရန် အထူးဂရုပြုဆောင်ရွက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ကြပ်မတ် ဆောင်ရွက်သွားရေးတို့ကို လမ်းညွှန် မှာကြားခဲ့ပါသည်။

သာသနာရေးဦးစီးဌာန