၁၃၈၀ ပြည့်နှစ်၊ ၂၀၁၉ ခုနှစ်၊ ဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲ ကျင်းပမည့်အချိန်စာရင်း ထုတ်ပြန်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ် ကျင်းပလျက်ရှိသော ဓမ္မာစရိယစာမေးပွဲကို ၂၆-၃-၂၀၁၉ ရက်နေ့မှ ၄-၄-၂၀၁၉ ရက်နေ့ထိ (၁၃၈၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁၅ ရက်နေ့ထိ)လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ၂-၄-၂၀၁၉ ရက်နေ့မှ ၈-၄-၂၀၁၉ ရက်နေ့ထိ(၁၃၈၀ ပြည့်နှစ်၊ တပေါင်း လပြည့်ကျော် ၁၃ ရက်နေ့မှ နှောင်းတန်ခူးလဆန်း ၄ ရက်နေ့ထိ)လည်းကောင်း တစ်နိုင်ငံလုံးရှိ စဖြေဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
အဆိုပါစာမေးပွဲကျင်းပရက်နှင့် အချိန်စာရင်းများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း၊ မြဝတီရုပ်မြင်သံကြားသတင်းနှင့် ၁၇-၁-၂၀၁၉ ရက်နေ့ထုတ် နေ့စဉ်ထုတ်မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာတို့တွင် ဖော်ပြထားရှိကာ သာသနာရေးဦးစီးဌာန website ဖြစ် သော www.dra.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
သာသနာရေးဦးစီးဌာန