သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၇-၁-၂၀၁၉ ရက်နေ့၊ ၁၀ ၀၀ အချိန်မှ ၁၁ ၃၀ အချိန်ထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေးခန်းမ၌ လစဉ်ပုံမှန်ကျင်းပပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနားသို့ တက်ရောက်ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး) အနေဖြင့် သာသနာရေးဆိုင်ရာ ပြည်တွင်း/ ပြည်ပတွင် ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်သော ဦးစီးမှတ်စုများကို ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ၊ စီမံရေးရာ၊ ဝန်ထမ်းရေးရာ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် မိမိတို့ ကိုင်တွယ်ဆောင်ရွက်ရသည့်လုပ်ငန်း တာဝန်များကို စနစ်တကျ ကျွမ်းကျင်အောင် ဆောင်ရွက်ရန်၊ မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ တိုးတက်ရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် သာသနာရေးဦးစီးဌာန၏ ဝန်ထမ်းများဖြစ်သည့်အတွက် ဘာသာကြီး ၄ ခု၏အကြောင်းကိုလည်း သိရှိထားရန် လိုအပ်ကြောင်း နှင့်ဗုဒ္ဓဘာသာ၏အခြေခံအကြောင်းအရာများကိုလည်း သိရှိထားရန်လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန် မှာကြားခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိလုပ်ငန်းတာဝန် များကို စနစ်တကျလေ့လာကိုင်တွယ် ဆောင်ရွက်တတ်ရန်၊ လုပ်ငန်းသဘောသဘာဝအရ လုပ်ထုံးလုပ်နည်း များ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ ပါသည်။
သာသနာရေးဦးစီးဌာန