သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး နေပြည်တော်ကောင်စီနယ်မြေ၊ တောင်းဆုရနောင်တော်ကြီးဝစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပမည့်နေရာ သွားရောက်ကြည့်ရှုခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လွှတ်တော်ဝန်းအတွင်း၌ တောင်းဆုရ နောင်တော်ကြီးဝစေတီတော်ကို ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်ရာ ၁၉-၁၂-၂၀၁၈ ရက်နေ့၊ ၁၅ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် အခမ်းအနား ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အခမ်းအနား ကျင်းပရေးဆိုင်ရာ ဆောင်ရွက်ရမည့်အခြေအနေများကို လမ်းညွှန်မှာကြားခဲ့ပါသည်။
သာသနာရေးဦးစီးဌာန