သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

၁၆-၁၂-၂၀၁၈ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၊ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောဘိတ(သုဓမ္မာ)အားလည်းကောင်း၊ မောင်းထောင် ကျောင်းတိုက်၊ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဓိက(ရွှေကျင်)အားလည်းကောင်း၊ မြောင်းမြကျောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသအားလည်း ကောင်း၊ တိုက်ကြီးကျောင်း၊ တိုင်းသံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား လည်းကောင်း၊ ကုန်းသားကျောင်းမှ ဆရာတော်ဘဒ္ဒန္တသုန္ဒရနှင့် ဘဒ္ဒန္တဉာဏတို့အားလည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
၎င်းနောက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်၊ တိပိဋကဓရ တိပိဓကကောဝိဒ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရဘိဝံသအားလည်းကောင်း၊ မြစ်ကွေ့ စာသင်တိုက်၊ မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒာသိရီဘိဝံသအား လည်းကောင်း၊ အတွင်းပတ္တမြားကျောင်းတိုက်၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တအရိယာ ဘိဝံသအားလည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ပဉ္စမုခငါးမျက်နှာဘုရားနှင့် ၁၇-၁၂-၂၀၁၈ ရက်နေ့တွင် ဇလွန်ပြည်တော်ပြန် ဘုရားကြီး တို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါသည်။
သာသနာရေးဦးစီးဌာန