သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၁၀-၁၂-၂၀၁၈ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေး ခန်းမ၌ လစဉ်ပုံမှန်ကျင်းပပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားသို့ တက်ရောက် ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများသည် မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြရန်၊ လုပ်ငန်းတာဝန်များကို မခိုမကပ်ဘဲ ဆောင်ရွက်သွားကြရန်နှင့် အရေးကြီးဆောင်ရွက်ရန်ရှိသည့်လုပ်ငန်း များနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်အကြီးအကဲထံ အချိန်နှင့်တပြေးညီ သတင်းပို့ဆောင်ရွက်ရန်၊ မိမိလုပ်ငန်းတာဝန်များကိုလည်း သိရှိထားရှိရန်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေမျိုးစုံ တို့ကိုလည်း အမြဲမပြတ်ဖတ်ရှုလေ့လာရန်၊ သာသနာရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဘာသာရေး စာပေများကို လေ့လာမှတ်သားထားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိလုပ်ငန်းတာဝန်များကို စနစ်တကျလေ့လာကိုင်တွယ် ဆောင်ရွက်တတ်ရန်၊ လုပ်ငန်းသဘောသဘာဝအရ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရန်၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ရန်၊ သင်တန်းများ ခေါ်ယူပါက တက်ရောက်ကြရန်၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတင်းအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် အထူး ဂရုပြုကြရန်၊ လုံခြုံရေး အလေးထားဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း ရုံးစာရွက် စာတမ်းများ ကိုင်တွယ်အသုံးပြုရာတွင် လုံခြုံရေးအဆင့်အတန်း သတ်မှတ်ချက်များကိုလည်း သိရှိထားပြီးဖြစ်၍ လိုက်နာကြရန်၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
သာသနာရေးဦးစီးဌာန