ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားများကို ၂၃-၁၂-၂၀၁၈ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ဘွဲ့နှင်းဓမ္မာရုံ၌လည်းကောင်း၊ ၂၅-၁၂-၂၀၁၈ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
သာသနာရေးဦးစီးဌာန