ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော်ပရိဝုဏ်အတွင်း ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်

၆-၁၂-၂၀၁၈ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ ရုံးအမှတ် ၃၁၊ အစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ဦးဆောင်၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန အင်ဂျင်နီယာချုပ် ဒေါ်ပြုံးပြုံးခိုင်၊ ညွှန်ကြားရေးမှူး(အရည်အသွေးစစ်ဆေးရေး)၊ ဦးကျော်မင်းအေးတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့က အကြံပြုချက်ဖြစ်သည့် “၉”ထု Slab ပြင်ကို ထောက်ကူမည့် ထပ်တိုး သံကူကွန်ကရစ်တိုင်များအပေါ် Slab နှင့်လည်းကောင်း၊ အောက်မှ Mat Footing နှင့်လည်းကောင်း ခိုင်ခန့်မှုရှိစေရန်အတွက် ဆောင်ရွက်ရန်အချက်များနှင့် Structure Designer အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရန်အချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက် လာသူများဖြစ်သည့် စေတီတော်တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးသီဟအောင်၊ စေတီတော် တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မျိုးဝင်း၊ စေတီတော်တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ထွန်း၊ မြန်မာမှုပညာရှင် ဦးကြည်စိုး၊ စကျင်ပညာရှင် ဦးမိုးဦးနှင့် ဦးသပြေဦးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြာကာ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။
အစည်းအဝေးသို့ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်းဝင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)မှ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးမြင့်ဇော်ဝင်း၊ ဦးအောင်ဆန်းဝင်း၊ ဦးသောင်းဝင်း၊ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီ စီမံကိန်းအင်ဂျင်နီယာ ဦးမျိုးသီဟအောင်၊ တာဝန်ခံ ဦးဇော်မျိုးဝင်း(တည်ဆောက်ရေး)စေပိုင် ဖွံ့ဖြိုးမှုကုမ္ပဏီ ၊ တာဝန်ခံ ဦးအောင်ထွန်း(အထွေထွေ) တက်လမ်း ကုမ္ပဏီ၊ မြန်မာမှုပညာရှင်၊ စေပိုင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ဦးကြည်စိုး၊ စကျင်ပညာရှင် ဦးမိုးဦး (More CNC Decoration & Engraving Factory Co.,Ltd)၊ စကျင်ပညာရှင် ဦးသပြေဦး (More CNC Decoration & Engraving Factory Co.,Ltd)နှင့် သာသနာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
သာသနာရေးဦးစီးဌာန