သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

၂၅-၃-၂၀၂၀ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာ​ရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် လစဉ်ပုံမှန်ပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)တွင် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံခဲ့ပါသည်။                  ထို့သို့ တွေ့ဆုံရာတွင် ရုံးသို့ ပုံမှန်တက်ရောက်ရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာများ ပုံမှန်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝင်စာထွက်စာများ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရန်ကုန်မြို့၊ ပုံနှိပ်တိုက်ရှိ စာအုပ်ဂိုဒေါင်၌ ကျမ်းစာအုပ်များ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး

သတင်းစဉ် ရန်ကုန် ၂၀-၃-၂၀၂၀ ရက်နေ့၊ ၁၅ ၄၅ အချိန်မှ ၁၆ ၂၀ အချိန်ထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ၊ စာအုပ်ဂိုဒေါင်တွင် ကျမ်းစာအုပ်များ ထိန်းသိမ်းထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့ရှိ စေတီတော်များ ထီးတော်တင်လှူရေး သွားရောက်ကြည့်ရှုခဲ့ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

၁၇-၃-၂၀၂၀ ရက်နေ့၊ ၁၄ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူး၊ ညောင်ဦးခရိုင်သာသနာရေးမှူးတို့ လိုက်ပါလျက် ပုဂံမြို့ညောင်ဦးမြို့နယ်ရှိ မင်းမျှော်ရာဇာဘုရား၊ မာန်ပြေရန်ပြေဘုရားနှင့် မင်းအိုချမ်းသာ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မင်းအိုချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသ အား ဘုရားစေတီ ထီးတော်တင်ခြင်း ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားခဲ့ပါသည်။ဆက်လက်၍ အလိုတော်ပြည့်ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ […]

» Read more