၇၂ ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ် (၁)ပါးပေါ်ထွန်းလာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၇၂ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သ​​ဘောရေးဖြေပွဲကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၂၈-ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉-ရက်နေ့အထိ ကျင်းပခဲ့ရာ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တပညာဝံသာဘိဝံသ သက်တော်(၄၅)နှစ်၊ သိက္ခာတော်(၂၄)ဝါသည် (၁၅)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒအဖြစ် သာသနာ့ အာဇာနည် အရှင်မြတ်(၁)ပါး […]

» Read more

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီအစည်းအဝေးသို့ တက်ရောက်

၂၅-၁-၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော် ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌  အပြည်ပြည်ဆိုင်ရာထေရ ဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ကောင်စီက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒ ခံယူပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)တို့ တက်ရောက်ခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချအခမ်းအနားသို့ တက်ရောက်

၂၆-၁-၂၀၂၀ ရက်နေ့၊ ၁၅ ၀၀ အချိန်တွင် ၂၀၂၀ ပြည့်နှစ်၊ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး လသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူး ပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀-၁-၂၀၂၀ ရက်နေ့၊ ၁၀ ၃၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်မြို့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရုံးခွဲ)၊ ဝန်ကြီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ စာမေးပွဲဌာနခွဲ၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ စာထောက်စာမဆရာတော်ကြီးနှင့် အာဂုံဖြေဆိုသော ဆရာတော်များအား ဖူးမြော်ကြည်ညို

၁၈-၁-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ စာမေးပွဲဌာနခွဲ၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ လိုက်ပါလျက် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပပြုလုပ်သည့် (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲစာထောက်စာမ ဆရာတော်ကြီးများနှင့် အာဂုံဖြေဆိုနေသော ဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကာ နဝကမ္မအလှူငွေ […]

» Read more

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပြည်မြို့၊ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

၉-၁-၂၀၂၀ ရက်နေ့၊ ၁၃ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိအား  ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မကွေးတိုင်းဒေသကြီး၊ ကံမမြို့၊ သမိုင်းဝင်ရှေးဟောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို

၉-၁-၂၀၂၀ ရက်နေ့၊ ၀၇ ၀၀ အချိန်မှ ၁၁ ၀၀ အချိန်ထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်များ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ ကံမမြို့၊ ကံမမြို့လုံးဆိုင်ရာ ဓမ္မဝိနယာလင်္ကာရရွှေသံလွင်သိမ်တော်ကြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ သမိုင်းဝင်ရှေးဟောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း ဗောဓိညောင်ပင်စိုက်ပျိုးခြင်း၊ ဆုတောင်းပြည့် […]

» Read more

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ကြို့ပင်ကောက်မြို့နှင့် ပြည်မြို့တို့ရှိ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

၈-၁-၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်မှ ၁၅ ၀၀ အချိန်ထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူးရုံးခွဲ(ပြည်)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီမြို့၊ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် ဘဒ္ဒန္တဝိလာသတို့အား လည်းကောင်း၊ ကြို့ပင်ကောက်မြို့၊ တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညအား လည်းကောင်း၊ မဟာသုဒဿနာရာမကျောင်းတိုက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တသေဌိလအား လည်းကောင်း၊ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သံဃမဟာနာယက ဆွမ်းစားဆောင် တိုးချဲ့ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

၇-၁-၂၀၂၀ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆွမ်းစားဆောင်တိုးချဲ့ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းမီ ဆောက်လုပ်ရေး မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၇-၁-၂၀၂၀ ရက်နေ့၊ ၁၀ ၃၀ အချိန်မှ ၁၁ ၂၀ အချိန်အထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ ညွှန်ကြားရေးမှူး၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က ရုံးလုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more
1 2