ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက် ပြန်လည်ပြုပြင်နိုင်ရေး အလှူရှင်များအား ဖိတ်ခေါ်အသိပေးကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူတော်ကြီးအနီးတွင်တည်ရှိသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ကြီးကြပ်မှုအောက်ရှိ ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက်ကြီးအတွင်း ခင်းကျင်း ပြသထားသည့်ပြကွက်များမှာ ခေတ်ကာလနှင့် လိုက်လျောညီထွေမှုမရှိသည့်အတွက် ကျွမ်းကျင်သော ပြတိုက်ပညာရှင်များနှင့်ညှိနှိုင်းကာ အသစ်ပြန်လည်ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆဋ္ဌသင်္ဂါယနာမော်ကွန်းပြတိုက်ကြီး၏ ခင်းကျင်းပြသမှုပြောင်းလဲရန်အတွက် မိုးယိုနေ သော ခေါင်မိုးကို အကြီးစားပြုပြင်ရန် လိုအပ်ခြင်း၊ ပြတိုက်အထပ် နှစ်ထပ်လုံးကို Aircon  တပ်ဆင်ခြင်း၊ အပေါ်ထပ်မျက်နှာကျက် ကျောက်ပြားများနှင့် […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ လှူဒါန်းသည့် ကထိန်အခြံအရံပစ္စည်းများအား စာသင်တိုက်ကြီးများထံ သွားရောက်လှူဒါန်း

(သာသနာရေးဦးစီးဌာန) ၂၃-၁၁-၂၀၁၉ ရက်နေ့၊ ၀၈ ၃၀ အချိန်မှ ၁၀ ၀၀ အချိန်ထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးသာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ လှူဒါန်းသည့် ကထိန်အခြံအရံပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မဟာဗောဓိစာသင်တိုက်နှင့် ပါဠိတက္ကသိုလ်ညောင်တုန်းစာသင်တိုက်များ၏ ပဓာနနာယက ဆရာတော်ကြီး များထံ […]

» Read more

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ကို  ယနေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။             အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ […]

» Read more

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တတိယအစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန်   နိုဝင်ဘာလ-   ၂၁             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီတတိယအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။             အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သာသနာ့ရောင်ခြည် ဓမ္မစာစောင်ဆောင်းပါးရှင်များအား ဂါရဝပြု တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်

၁၉-၁၁-၂၀၁၉ ရက်နေ့၊ ၀၈ ၀၀အချိန်တွင် သာသနာ‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် သာသနာရေး ဦးစီးဌာနမှ လစဉ်ထုတ်ဝေလျက်ရှိသော သာသနာ့ရောင်ခြည်ဓမ္မစာစောင် ဆောင်းပါးရှင်ဆရာတော်များထံမှ ဩဝါဒခံယူခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝန်ကြီးရုံးဧည့်ခန်းမ၌လည်းကောင်း၊ ဆောင်းပါးရှင် လူပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံပွဲအခမ်း အနားကို ယင်းနေ့ ၀၉ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝန်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သာသနာ့ရောင်ခြည် […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံး(ရုံးခွဲ)များမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၁၈-၁၁-၂၀၁၉ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးကုန်းမြေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ သာသနာရေးဦးစီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံး(ရုံးခွဲ)များမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မန္တလေးမြို့၊ Hilton Mandalay Hotel ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ပထမဆုံးအကြိမ်အဖြစ် International Day of Tolerance အခမ်းအနားသို့ တက်ရောက်

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ်သည် ၁၆-၁၁-၂၀၁၉ ရက်နေ့တွင် မန္တလေးမြို့၊ Hilton Mandalay Hotel ၌ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)မှ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်အဖြစ်International Day of Tolerance(အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့) အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအကြိုအသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာအခမ်းနား တက်ရောက်၊ ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

9-၁၀-၂၀၁၉ရက်နေ့၊07 2၀အချိန်တွင်နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထာဝရငြိမ်းချမ်းရေးစေတီတော်ပရိဝုဏ်အတွင်းတည်ထားကိုးကွယ်လျက်ရှိသောထာဝရငြိမ်းချမ်းရေးစေတီတော်သာသနာ့ဗိမာန်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအကြိုအသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာအခမ်းနားကျင်းပပြုလုပ်ခဲ့ရာသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သူရဦးအောင်ကိုအမှူးပြု၍ ညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များနှင့်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြည်ညိုခဲ့ကြပြီး  ၀၈ ၂၀ အချိန်တွင် အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သောတာဝန်ရှိသူများသည် ထာဝရငြိမ်းချမ်းရေးစေတီတော်ရွှေထီးတော်တင်၊မြသပိတ်၊ရွှေကြာသင်္ကန်းတော်ကပ်နှင့်ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ငြမ်းပြင်ဆင်ထားရှိမှုများ၊သာသနာ့တံခွန်တိုင်တည်ဆောက်ထားရှိမှု၊မင်္ဂလာရထားပျံမဏ္ဍပ်ဆောက်လုပ်ထားရှိမှုများ၊ သာသနာ့ဗိမာန်တော်အတွင်းပြင်ဆင်ထားရှိမှုများနှင့်ကုသိုလ်တော်မဏ္ဍပ်တည်ဆောက်ထားရှိမှုအခြေအနေများအားလည်းကောင်းကြည့်ရှုစစ်ဆေး၍တာဝန်ရှိသူများကိုလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၂-၁၁-၂၀၁၉ ရက်နေ့၊ ၁၀ ၃၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဇေယျမေဒနီစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရအား လည်းကောင်း၊ ၁၁ ၃၀ အချိန်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အလယ်တောရစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာသီဟအား လည်းကောင်း သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။   ဆက်လက်၍ သာသနာရေးဦးစီးဌာန၊ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်ဆရာတော်ကြီးများ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၁-၁၁-၂၀၁၉ ရက်နေ့၊ ၁၅ ၀၀ အချိန်မှ ၁၆ ၃၀ အချိန်ထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မောင်းထောင်းကျောင်းတိုက်၊ တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဓိကအား လည်းကောင်း၊ တိုက်ကြီးကျောင်းတိုက်ဆရာတော် တိုင်းသံဃနာယက အဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား လည်းကောင်း၊ မရမ်းချို ပရိယတ္တိ စာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောဘိတအား လည်းကောင်း၊ […]

» Read more
1 2