သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကချင်ပြည်နယ်သာသနာရေးမှူးရုံးအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၂၃-၁၀-၂၀၁၉ ရက်နေ့၊ ၁၄ ၀၀ အချိန်မှ ၁၆ ၀၀ အချိန်ထိ ကချင်ပြည်နယ်သာသနာရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ကချင်ပြည်နယ်သာသနာရေးမှူးရုံးမှ အရာထမ်း/ အမှုထမ်းများအားတွေ့ဆုံ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒနှင့်အညီဘာသာအသီးသီးကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားကြောင်း၊ ဘာသာအသီးသီးတွင် ဘာသာဝင်ဦးရေနှင့် ဘာသာရေး အဆောက်အဦးအချိုးမျှတစွာ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုဒ္ဒသမအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

၃၁-၁၀-၂၀၁၉ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုဒ္ဒသမအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။           အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဝန်ထမ်းမိသားစုများက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၈-၁၀-၂၀၁၉ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ပင်မစေတီတော်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မစေတီတော် မြန်မာမှုလုပ်ငန်း၊ ပင်မစေတီတော် စကျင်ကျောက်လိုဏ်တော် စကျင်မုခ်ဦး ၄ ဆောင် တည်ဆောက်ခြင်း၊ မဟာရံတံတိုင်း […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံးနှင့် မန္တလေးခရိုင်သာသနာရေးမှူးရုံးတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၂၅-၁၀-၂၀၁၉ ရက်နေ့ ၀၉ ၃၀ အချိန်မှ ၁၂ ၂၀ အချိန်ထိ မန္တလေးတိုင်းဒေသကြီးသာသနာရေးနှင့် မန္တလေးခရိုင်သာသနာရေးမှူးရုံးတို့သို့ သွားရောက်၍ ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အရာထမ်း/ အမှုထမ်းများအား နိုင်ငံတော်၏ မူဝါဒများ၊ ဝန်ကြီးဌာန၏ မူဝါဒများ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြစ်သော […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက်ဆရာတော်ကြီးများ သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၂၃-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ ခေမာသီဝံပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသနှင့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ တို့အား လည်းကောင်း၊ တောင်တန်းသာသနာပြုကျောင်းတိုက်(ဗဟို)ဆရာတော် ဘဒ္ဒန္တဒေါက်တာဉာဏဓဇအား လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။           ဆက်လက်၍ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ၂၄-၁၀-၂၀၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၊ ပြည်နယ်အကျိုးတော်ဆောင်ဆရာတော် […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် နတ်မောက်မြို့၊ ဒီပင်္ကရာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို

၂၂-၁၀-၂၀၁၉ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၁၉-၁၀-၂၀၁၉ ရက်နေ့၌  ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီပင်္ကရာစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒဝံသ သက်တော်(၈၆)/ဝါတော်(၆၆)၊ ဆရာတော်အရှင်သူမြတ်၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို၍ အန္တိမအဂ္ဂိဈာပနအခမ်းအနားအတွက် ဈာပနအလှူတော်ငွေ(၅၀၀၀၀၀/-)ကျပ်တိတိကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနတွင်း လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူး ရာထူးအဆင့်သို့ ရာထူးတိုးမြှင့်ရေးစာမေးပွဲ လာရောက်ဖြေဆိုကြသည့် အရာထမ်းများနှင့် တွေ့ဆုံ

၈-၁၀-၂၀၁၉ ရက်နေ့၊ ၀၈ ၃၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ဦးစီးဌာနတွင်း လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူး ရာထူးအဆင့်သို့ ရာထူး တိုးမြှင့်ရေးစာမေးပွဲ လာရောက်ဖြေဆိုကြသည့် အရာထမ်း ၃၄ ဦးနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။           အခမ်းအနားတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သာသနာရေးဦးစီးဌာန၏ […]

» Read more