သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ နေပြည်တော်ရုံးချုပ်ရှိ အရာထမ်းမိသားစုအိမ်ရာများ၊ အမှုထမ်းမိသားစုအိမ်ရာများနှင့် လူပျို/ အပျိုဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

၁၄-၉-၂၀၁၉ ရက်နေ့၊ ၀၈ ၃၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ရုံးချုပ်ရှိ အရာထမ်းမိသားစုအိမ်ရာများ၊ အမှုထမ်းမိသားစုအိမ်ရာများနှင့် လူပျို/ အပျိုဆောင်များအား သွားရောက်၍ ဝန်ထမ်းမိသားစုဝင်များနှင့်ရင်းနှီးစွာတွေ့ဆုံပြီး အိမ်ရာများပတ်ဝန်းကျင် သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေးများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဝန်ထမ်းမိသားစုများ၏ စိုက်ခင်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အသောကရာမပရိယတ္တိစာသင်တိုက်၊ အောင်မြေသာစံမြို့နယ်၊ ဝိဘဇ္ဇဝါဒီပရိယတ္တိစာသင်တိုက်နှင့် ပုသိမ်ကြီးမြို့နယ်၊ လေးကျွန်းမာန်အောင်သာမဏေကျော် ပရိယတ္တိစာသင်တိုက်တို့သို့ ပရိယတ္တိပညာရေး ထာဝရငွေပဒေသာပင်နှင့် ပိဋကတ်သုံးပုံကျမ်းစာအုပ်များ သွားရောက်လှူဒါန်း

၁၁-၉-၂၀၁၉ ရက်နေ့၊ ၁၃ ၁၅ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အသောကရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက် ဒုတိယတိုက်အုပ်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသထံ ပရိယတ္တိပညာရေး ထာဝရငွေပဒေသာပင် အလှူတော်ငွေ ကျပ်သိန်း ၃၀ နှင့် ပိဋကတ်သုံးပုံကျမ်းစာအုပ်များ လှူဒါန်း ခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေမှူးချုပ်သည် အသောကရာမပရိယတ္တိစာသင်တိုက်၊ သိမ်ကျောင်း ဆရာတော် ဘဒ္ဒန္တပညိန္ဒထံမှ […]

» Read more

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီး၏ သက်တော် (၉၀)ပြည့် နဝရတ်ရတု ဝိဇာတမွေးနေ့မင်္ဂလာနှင့် သိက္ခာထပ်အလှူတော်မင်္ဂလာအခမ်းအနားသို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်ကြည်ညို

၁၁-၉-၂၀၁၉ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ဗန်းမော်ကျောင်းတိုက်၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော် ဘုရားကြီး၏သက်တော်(၉၀)ပြည့် နဝရတ်ရတု ဝိဇာတာမွေးနေ့မင်္ဂလာနှင့် သိက္ခာထပ် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင်ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဝိနည်းဓိုရ်အလှည့်ကျ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

၇-၉-၂၀၁၉ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ အပရဂေါယာနအဆောင်၌ သီတင်းသုံးတော်မူကြကုန်သော ဝိနည်းဓိုရ်အလှည့်ကျ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပရိယတ္တိပညာရေးထာဝရငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်း

၃၁-၈-၂၀၁၉ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်၍ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ချောမြတ်နွယ်သုံးထပ်ကျောင်းဆောင်တော်ကြီး၌ ကျောင်းတိုက်ရှိ စာချ+စာသင် သံဃာတော် ၁၂၄၈ ပါးတို့အား ပရိယတ္တိသာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပိဋကတ်သုံးပုံနှင့် ပရိယတ္တိပညာရေးထာဝရငွေ ပဒေသာပင် ကျပ်သိန်း ၃၀ စိုက်ထူခြင်းအပါအဝင် လှူဖွယ်ဝတ္ထုပစ္စည်းများ […]

» Read more