သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပရိယတ္တိပဒေသာပင်များ ဆက်ကပ်လှူဒါန်း

၃၀-၇-၂၀၁၉ ရက်နေ့၊ ၀၉ ၀၀  အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က)ရပ်ကွက်ရှိ စစ်ကိုင်းစာသင်တိုက်သို့လည်းကောင်း၊ ၁၀ ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀၈ တောင်ဘုရားအနီး၊ တိပိဋကလင်္ကာရကျောင်းတိုက်သို့လည်းကောင်း သွားရောက်၍ ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ပရိယတ္တိသာသနာ့တာဝန်များကို ထမ်းဆောင်တော်မူကြကုန်သော […]

» Read more

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် ပုံနှိပ်လုပ်ငန်းသုံးစက်(အသစ်) Computer to Plate (CTP)(Brand new)ကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်း ရန် ဖိတ်ခေါ်ပါသည်။

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပရိယတ္တိပဒေသာပင်များ ဆက်ကပ်လှူဒါန်း

၂၇-၇-၂၀၁၉ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ မရန်းကုန်းမြို့နယ်၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်သို့လည်းကောင်း၊ ၁၀ ၀၀ အချိန်တွင် ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်သို့လည်းကောင်း၊ ၁၂ ၀၀ အချိန်တွင် ဗဟန်းမြို့နယ်၊ ဝိမလာရာမနတ်ညွှန်းကျောင်းတိုက်သို့လည်းကောင်း သွားရောက်၍ ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ပရိယတ္တိသာသနာ့တာဝန်များကို ထမ်းဆောင်တော်မူကြကုန်သော စာချ+စာသင်သံဃာတော်များအတွက် […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပရိယတ္တိပဒေသာပင်များ ဆက်ကပ်လှူဒါန်း

၂၆-၇-၂၀၁၉ ရက်နေ့၊ ၁၃ ၀၀ အချိန်မှ ၁၃ ၃၀ အချိန်ထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကင်းမြို့နယ်၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်နှင့် ကျောက်ကုန်းတောရမေဒိနီကျောင်းတိုက်တို့သို့ သွားရောက်၍ ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ပရိယတ္တိပဒေသာပင် စိုက်ထူလှူဒါန်းခြင်းအပါအဝင် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more