ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ ရွှေဘုံသာစေတီတော်မြတ်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ၊ အသစ်တင်လှူပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ရွှေဘုံသာစေတီတော်မြတ် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ၊ အသစ်တင်လှူပူဇော်ပွဲ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားနှင့် ရှင်ပြု၊ သီလရှင်ဝတ် ရေစက်ချအလှူမင်္ဂလာ အခမ်းအနားကို ယနေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။           ရှေးဦးစွာ ဆရာတော်သံဃာတော်များ ဦးဆောင်တော်မူပြီး ပရိသတ်အားလုံးတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပါသည်။           ဆက်လက်၍ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နေပြည်တော်၊ တပ်ကုန်းမြို့၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်၍ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၄-၄-၂၀၁၉ ရက်နေ့၊ ၁၂ ၃၀ အချိန်တွင် နေပြည်တော်၊ တပ်ကုန်းမြို့၌ ကျင်းပလျက်ရှိသော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာနသို့ သွားရောက်၍ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာဖြေသံဃာ တော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၅ သိန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၂၈-၃-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့လည်းကောင်း၊ ၂၉-၃-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ရမည်းသင်းမြို့ပေါ်ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့လည်းကောင်း၊ ၃၁-၃-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ အစိုးရဓမ္မာစရိယစာဖြေဌာနများသို့ လည်းကောင်း သွားရောက်၍ ဓမ္မာစရိယကျမ်းစာများ ဖြေဆိုတော်မူကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။ […]

» Read more