သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး နေပြည်တော်ကောင်စီနယ်မြေ၊ တောင်းဆုရနောင်တော်ကြီးဝစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပမည့်နေရာ သွားရောက်ကြည့်ရှုခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လွှတ်တော်ဝန်းအတွင်း၌ တောင်းဆုရ နောင်တော်ကြီးဝစေတီတော်ကို ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်ရာ ၁၉-၁၂-၂၀၁၈ ရက်နေ့၊ ၁၅ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် အခမ်းအနား ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အခမ်းအနား ကျင်းပရေးဆိုင်ရာ ဆောင်ရွက်ရမည့်အခြေအနေများကို လမ်းညွှန်မှာကြားခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

၁၆-၁၂-၂၀၁၈ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၊ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောဘိတ(သုဓမ္မာ)အားလည်းကောင်း၊ မောင်းထောင် ကျောင်းတိုက်၊ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဓိက(ရွှေကျင်)အားလည်းကောင်း၊ မြောင်းမြကျောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသအားလည်း ကောင်း၊ တိုက်ကြီးကျောင်း၊ တိုင်းသံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား လည်းကောင်း၊ ကုန်းသားကျောင်းမှ ဆရာတော်ဘဒ္ဒန္တသုန္ဒရနှင့် ဘဒ္ဒန္တဉာဏတို့အားလည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် […]

» Read more

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် ၁၀-၁၂-၂၀၁၈ ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေး ခန်းမ၌ လစဉ်ပုံမှန်ကျင်းပပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားသို့ တက်ရောက် ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများသည် မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် […]

» Read more

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားများကို ၂၃-၁၂-၂၀၁၈ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ဘွဲ့နှင်းဓမ္မာရုံ၌လည်းကောင်း၊ ၂၅-၁၂-၂၀၁၈ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော်ပရိဝုဏ်အတွင်း ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်

၆-၁၂-၂၀၁၈ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ ရုံးအမှတ် ၃၁၊ အစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ဦးဆောင်၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန အင်ဂျင်နီယာချုပ် ဒေါ်ပြုံးပြုံးခိုင်၊ ညွှန်ကြားရေးမှူး(အရည်အသွေးစစ်ဆေးရေး)၊ ဦးကျော်မင်းအေးတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့က အကြံပြုချက်ဖြစ်သည့် […]

» Read more

ရန်ကုန်မြို့၊ A1 ဆောက်လုပ်ရေးကုမ္ပဏီ မိသားစုက ပိဋကသုံးပုံး အုပ်ရေ ၄၀ အစုံ ၅၀၀၊ အဋ္ဌကထာ ၄ မျိုး အစုံ ၅၀၀ လှူဒါန်းရန်အတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

၁။ ၃၀-၁၁-၂၀၁၈ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ (ရန်ကုန်ရုံးခွဲ)ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံစွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ ငြိမ်းချမ်းရေးစေတမန်ဆုရ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ၏သြဝါဒဖြင့် A1 ဆောက်လုပ်ရေးကုမ္ပဏီ စည်သူဝဏ္ဏကျော်တင် ဦးရန်ဝင်း+ဒေါ်လွင်လွင်ဝေ၊ သားသမီးမြေးတစ်စုတို့က ပိဋကတ်သုံးပုံ ကျမ်း စာ အုပ်များ၊ အဋ္ဌကထာကျမ်းစာအုပ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး များ၊ […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးတို့ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုညီ အဋ္ဌာရသမအစည်းအဝေးသို့ တက်ရောက်ကြည်ညို

၁။ ၂၉-၁၁-၂၀၁၈ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့(၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ကို ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ၂။ အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ […]

» Read more

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် နေပြည်တော်ရုံးချုပ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ပြုလုပ်ခြင်း

၂၃-၁၁-၂၀၁၈ ရက်နေ့၊ ၁၂ ၃၀ အချိန်မှ ၁၃ ၃၀ အချိန်ထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(သာသနာရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် လစဉ်ပုံမှန်ပြုလုပ်သော ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခုလအတွင်း သာသနာရေး […]

» Read more