နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် Coronavirus Disease 2019(Covid-19) လူနာများ Quarantine ထားခွင့်ပြုထားသည့် ဘာသာရေးအဆောက်အဦများစာရင်း

» Read more

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်

၁-၄-၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး ၁၀ ပါးတို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး (COVID- 19) ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးစေရေးအတွက် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်သရဇ္စျယ်ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ […]

» Read more

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နေပြည်တော်၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

၂၅-၃-၂၀၂၀ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာ​ရေး)၊ ရုံးအမှတ် ၃၁၊ စုပေါင်းအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် လစဉ်ပုံမှန်ပြုလုပ်သော ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)တွင် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံခဲ့ပါသည်။                  ထို့သို့ တွေ့ဆုံရာတွင် ရုံးသို့ ပုံမှန်တက်ရောက်ရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာများ ပုံမှန်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝင်စာထွက်စာများ […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရန်ကုန်မြို့၊ ပုံနှိပ်တိုက်ရှိ စာအုပ်ဂိုဒေါင်၌ ကျမ်းစာအုပ်များ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး

သတင်းစဉ် ရန်ကုန် ၂၀-၃-၂၀၂၀ ရက်နေ့၊ ၁၅ ၄၅ အချိန်မှ ၁၆ ၂၀ အချိန်ထိ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ၊ စာအုပ်ဂိုဒေါင်တွင် ကျမ်းစာအုပ်များ ထိန်းသိမ်းထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ သာသနာရေးဦးစီးဌာန

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့ရှိ စေတီတော်များ ထီးတော်တင်လှူရေး သွားရောက်ကြည့်ရှုခဲ့ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

၁၇-၃-၂၀၂၀ ရက်နေ့၊ ၁၄ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူး၊ ညောင်ဦးခရိုင်သာသနာရေးမှူးတို့ လိုက်ပါလျက် ပုဂံမြို့ညောင်ဦးမြို့နယ်ရှိ မင်းမျှော်ရာဇာဘုရား၊ မာန်ပြေရန်ပြေဘုရားနှင့် မင်းအိုချမ်းသာ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မင်းအိုချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသ အား ဘုရားစေတီ ထီးတော်တင်ခြင်း ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားခဲ့ပါသည်။ဆက်လက်၍ အလိုတော်ပြည့်ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ […]

» Read more

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန […]

» Read more

(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို နေပြည်တော်တွင် ပြောင်းလဲကျင်းပမည်

၇-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ရက်ရွှေ့ဆိုင်းခဲ့ပြီး ကျင်းပမည့်ရက်ကို သာသနာရေးဦးစီးဌာနက ပြန်လည်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ ၂၂-၂-၂၀၂၀ ရက်နေ့တွင်ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဒုတိယအကြိမ် စတုတ္ထအထူးအစည်းအဝေးက “သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်မည့် […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

          ၂၆-၂-၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရုံးခွဲ)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး(ခွဲ) သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား […]

» Read more

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နေပြည်တော်သာသနာရေးမှူးရုံး ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေး

၂၀-၂ -၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်မှ ၁၂ ၀၀ အချိန်ထိ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်သာသနာရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေးပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ ပါသည်။             ယင်းသို့ တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး၏မူဝါဒဖြစ်သော နိုင်ငံတော်အပေါ် […]

» Read more
1 2 3 10